မုဒုံ ဇွန် ၂၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပြည်နယ်ရဲတပ်ဖွဲ့၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က တာပသွန်ကျေးရွာရှိ ပြည်နယ်ရဲတပ်ဖွဲ့ပိုင် ဧက ၅၀ ရော်ဘာခြံအတွင်း၌ ပြုလုပ်သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် မိသားစုဝင်များ စုစုပေါင်း (၁၀၀) ဦးမှ ဧက (၅၀) ရော်ဘာစိုက်ခြံအတွင်း BPM 24 အမျိုးအစား ရော်ဘာပျိုးပင် ၁၀၀ အား စနစ်တကျ အတန်းလိုက်တန်းစီ၍ စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)