ပွင့်ဖြူ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်း မိုးရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီနေမှုအား အများပြည်သူအန္တရာယ်ကင်းစွာသွားလာနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်တောင်သူဖွံ့ဖြိုးရေးအသင်းက ကိုယ်ထူကိုယ်ထ စုပေါင်းပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လမ်းပြုပြင်ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်တောင်သူဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အသင်းအဖွဲ့ဝင်များက ဒေသခံပြည်သူများ အန္တရာယ်ကင်းစွာသွားလာနိုင်ရန်အတွက် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းတစ်လျှောက် မိုးရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေမှုများကိုကြည့်ရှုစစ်ဆေးပြီး လမ်းမပေါ်ချိုင့်ခွက်များရှိ မိုးရေများကို ခပ်ထုတ်ကာ မြေနီကျောက်စရစ်များဖြည့်တင်းပြီး ပြန်လည်ကောင်းမွန်အောင်ကိုယ်ထူကိုယ်ထ စုပေါင်းပြုပြင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လယ်ကိုင်း - ရွှေလှေ - ထနောင်းကုန်းကျေးရွာချင်းဆက်လမ်းမှာ အရှည်ပေ ၄ ဒသမ ၂ မိုင်ခန့်ရှိပြီး ဒေသခံကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများအတွက် နေ့စဉ် သွားလာအသုံးပြုနေရသော ဒေသအကျိုးပြုကျေးရွာချင်းဆက်လမ်းတစ်ခုဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )