မိုင်းဖြတ် ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက ကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းမြတ်ရည်ဝင်းက ငလျင်ဘေးအတွက်ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ငလျင်လှုပ်နေစဉ်၊ ငလျင်လှုပ်ပြီးနောက်ရှောင်ရှားသင့်သည့်အချက်များနှင့် သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဦးစီးမှူး ဦးမောင်မောင်စိုးနှင့် ဝန်ထမ်းများက မုန်တိုင်းဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်အကြောင်းသိကောင်းစရာများကို အသီးသီးပြောကြားခဲ့သည်။
ဆက်လက်၍ အသိပညာပေးဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက သိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)