ကျိုက်လတ် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်တရားမဝင် စက်သုံးဆီအရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့က ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်မီးသတ်ဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဉီးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက တရားဝင်ဆီဆိုင်များမှ တရားမဝင်ဆီ ရောင်းဝယ်မှုများ စီးဆင်းမှုမရှိစေရေး၊ မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချစေရေး၊ ဈေးနှုန်းများမြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အလေးထားရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ဆွေးနွေးမှာကြားခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်