သံဖြူဇရပ် ဇွန် ၂၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံကျွမ်းကျင်မှုသင်တန်း(Basic On-Job Skill Training)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့၊ မြို့လယ်ဓမ္မာရုံတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ အဖွဲ့၀င်(၁) ဦးအောင်သန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူး၊ ကျိုက္ခမီမြို့ နယ်မြေစခန်းမှူး၊ နယ်မြေမီးသတ်စခန်းတာဝန်ခံ၊ ရေလုပ်ငန်းရှင်များနှင့် သင်တန်းသား (၃၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်းများဆောင်ရွက်သည်။ ထို့နောက်သင်တန်းဆက်လက်ပို့ချရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဟန်ဝင်းရွှေ၊ ကျိုက္ခမီမြို့၊ နယ်မြေခံစခန်းမှူးဒုရဲမှူးသက်ဝေ၊ မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူး ဦးရှိုင်းထက်အောင်၊ ကြက်ခြေနီတပ်ဖွဲ့ တာဝန်ခံ ဦးပြည့်ခွန်ဆက်တို့က ခိုက်ရန်ဖြစ်ပွားမှုကြောင့်အသက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစသည့် အကြောင်းအရာများကိုအသီးသီးပို့ချခဲ့ကြပြီး၊ သင်တန်းကို နံနက် ၉ နာရီမှ မွန်းလွဲ၃နာရီအထိ သင်တန်းသား(၃၀)ဦးအား သင်ကြားပို့ချပေးသွားမည်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)