လပွတ္တာ ဇွန်၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က လပွတ္တာမြို့ (၇)ရပ်ကွက်ရှိ သိကြားဘုရားလမ်းတွင် ကျင်းပခဲ့သည်။
"သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့" "သင့်အတွက်သစ်ပင် ရှင်အောင်စိုက်ပျိုးကြီးအောင်ပြုစုမြဲအောင်ထိန်းသိမ်း" စသည့် ဆောင်ပုဒ်များနှင့်အညီ သစ်ပင်စိုက်ပျိုးခြင်းသည် ရာသီဥတုကောင်းမွန်မျှတရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းရန်၊ အပူချိန်လျှော့ချနိုင်ရေးနှင့် အပူဒဏ်ကာကွယ်နိုင်စေရန်၊ အရိပ်အာဝါသကောင်းမွန်စွာရရှိစေရန်၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိနားလည်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ မြို့ နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိဦးကျော်ဝင်းနိုင်နှင့်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက မန်ဂျန်ရှားပင်(၃၀၀)ပင်၊ ကံ့ကော်ပင်(၅၀)ပင်နှင့်ကျွန်း(၅၀)ပင်၊ စုစုပေါင်းပျိုးပင်ပေါင်း(၃၅၀)ကို တပျော်တစ်ပါးတည်း စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)