မှော်ဘီ ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ စည်းကမ်းပျက်မောင်းနှင်မှုများနှင့် လိုင်စင်မဲ့ယာဥ်များ ပူးပေါင်းစစ်ဆေးဆောင်ရွက်နိုင်ရေးကိစ္စဆွေးနွေးခြင်းကို ယမန်နေ့နေ့လယ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီများနှင့်ကျင်းပခဲ့သည်။
မြို့နယ်ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊စည်းကမ်း ပျက်ယာဥ်မောင်နှင်မှုနှင့် လိုင်စင်မဲ့ယာဥ်များ စစ်ဆေးဆောင်ရွက်ရန်ကိစ္စဆွေးနွေးပွဲတွင်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်ကအဖွင့် အမှာစကားပြောကြားခဲ့ပြီး အဖွဲ့(၂) ဦးဝင်းစိုးက ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့်လိုင်စင်မဲ့ ယာဥ်များ စစ်ဆေးဆောင်ရွက်ရန်ကိစ္စနှင့်ပတ်သက်၍ အကြံပြုဆွေး နွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ထွန်းနှင့် မြို့နယ်ယာဉ် ထိန်းတပ်ဖွဲ့စု(၆၄)မှ ဒုရဲမှူးတို့ကယာဉ်အန္တ ရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် လိုင်စင်မဲ့ယာဥ်များစစ်ဆေးဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ပြီး မြို့နယ်ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်လိုင် စင်မဲ့ယာဥ်များ စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ထပ်ဆင့်အကြံပြုဆွေးခဲ့ကြကြောင်း သိရသည်။
စန်းဝင်း(ပြန်/ဆက်)