ပေါင် ဇွန် ၂၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ဖလပ်ရပ်ကွက်၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဇင်းကျိုက်မြို့ဖလပ်ရပ်ကွက် ကျန်းမာရေးဆေးပေးခန်း၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှဒေါက်တာကျော်ရဲအောင်၊ ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူး ဦးဝေတိုးအောင်နှင့်ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူး ဦးဝေတိုးအောင်က ခွေးရူးရောဂါအကြောင်း ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ရဲအောင်နှင့် ဝန်ထမ်းတို့က ခွေးရူးရောဂါ၏ လက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံများ၊ ကာကွယ်ရန်နည်းလမ်းများ စသည့် ခွေးရူးရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှထုတ်ဝေသည့်ခွေးရူးရောဂါကာကွယ်ရေးနှင့်ပတ်သက်သည့် လက်ကမ်း စာစောင်များကို ပေးဝေခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)