ဒိုက်ဦး ဇွန် ၂၀
ဒိုက်ဦး၊ညောင်လေးပင်၊ ဝေါမြို့နယ်တို့မှ စုပေါင်း၍ ဒိုက်ဦးမြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွင် ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ပဲခူးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာမြင့်က ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံနေသောအခွန်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီးနောက် ဒိုက်ဦးမြို့နယ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမျိုးဝေလင်းမှ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ဌာနဆိုင်ရာများ၊လုပ်ငန်းရှင်ပြည်သူများစုစုပေါင်း ၁၈၀ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)