တိုက်ကြီးမြို့နယ်တွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

တိုက်ကြီး ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်မြို့နယ်တွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသူအောင်က သန့်ရှင်းသော ရေရရှိရေးနှင့် အမှိုက်များစွန့်ပစ်နိုင်ရေး၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့များနှင့် သတင်းရယူရေးအဖွဲ့များက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းက ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး ရေပိုက်လိုင်းများ သွယ်တန်းထားမှုအခြေအနေ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်ပြီး အန္တရာယ်ကင်းသည့် စွန့်ပစ်ပစ္စည်းများ ခွဲခြားစွန့်ပစ်နိုင်ရေး၊ အမှိုက်သိမ်းစနစ်ဖြင့် နေ့စဉ်အမှိုက်သိမ်းဆည်းမှု၊ ပလတ်စတစ် အစားထိုးသုံးစွဲရေး ပြည်သူများကို အသိပညာပေးရန်လိုအပ်ကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာပြည်သူများအတွက် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ရန် လိုအပ်ပုံတို့ကို တင်ပြဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသူအောင်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)