တောင်ဥက္ကလာပမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လည့်စာကြည့်တိုက်၊‌ ဟောပြောပွဲ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

တောင်ဥက္ကလာပ ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်က အမှတ်(၁၂)ရပ်ကွက်ရှိ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်သောသူနှင့် စာမဖတ်သောသူတို့၏ ကွာခြားမှုများ၊ ကျောင်းသားလူငယ်များအနေနှင့်လည်း ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိရန် စာအုပ်စာ‌ပေများ ဖတ်ရှု့ရန်လိုအပ်ကြောင်း စသည်တို့ကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသူ/သားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခြင်းနှင့် ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်‌ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)