ဇလွန်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်း ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ

ဇလွန် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးစပါးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်း ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မေရီလန်းကျေးရွာအုပ်စု တောင်သူဦးဝင်းမြင့်ဦး၏ လယ်မြေ(၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရူ့အားပေးခဲ့ကြသည်။

သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်း ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံ‌လျှော်မြေခံစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်စေရေး၊ Drum Seeder အစေ့ချကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေးကိစ္စများ၊ မတ်ပဲ၊ ပဲတီစိမ်းအရည်အသွေးကောင်းမွန်စေရန် မျိုးစေ့နှုန်းထားလျော့ချသုံးစွဲရေးနှင့် သစ်စိမ်းမြေသြဇာမှ အပင်အာဟာရ စုပ်ယူစားသောက်ပုံ အဆင့်ဆင့်အား အကျယ်တဝင့် ဆွေးနွေးပြောကြား၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များက တောင်သူဦးဝင်းမြင့်ဦး၏ ကွင်းအမှတ် ၁၈၄၁(ဂ)၊ ဦးပိုင်အမှတ် ( ၄၀ / ၂) တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်း ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရူ့အားပေးခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)