ရေဦးမြို့ အ.ထ.က(၁)တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

​​ရေဦး ဇွန် ၂၀

ကျောင်းသားလူးငယ်များ မူးယစ်ဆေး၏အန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများကိုသိရှိပြီး မူးယစ်၏သားကောင်များ မဖြစ်ကြစေရန်နှင့် မူးယစ်ဆေး၏အန္တရာယ်ကင်းဝေစေရန် ရည်ရွယ်ပြီး ရေဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉:၃၀ နာရီက ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့၌ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းဆင့် စာစီစာကုံး ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းက စာစီစာကုံးပြိုင်ပွဲ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများ၊ မူးယစ်ဆေး၏ ဆိုးကျိုးများအကြောင်းနှင့် လူကိုအညွန့်တုံးစေမည့် မူးယစ်ဆေးကို မသုံးစွဲကြရန် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူ (၂၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုပေးပွဲအခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

  မြို့နယ်(ပြန်/ဆက်)