မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာ စောင်ပြပွဲပြုလုပ်

မုဒုံ ဇွန် ၂၀

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲကို ဇွန် ၁၆ ရက်နေ့က အမှတ်()အခြေခံပညာမူလတန်း​ကျောင်း (ကော့ခပုံ) ၌ ပြုလုပ်သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှိုင်ဦးက အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/သူများ အသိပညာဗဟုသုတများ ပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများဖြစ်သည့် ရုပ်ပြ၊ ကာတွန်း စသည့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်ပိုစတာများ ပြသဆောင်ရွက်ပေးခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြုလုပ်ပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)