ဒေးဒရဲ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက စက္ခုဒါနနှင့် အထွေထွေရောဂါကုဆေးခန်းရှိ မျက်စိဝေဒနာရှင်များနှင့် မျက်လုံးခွဲစိတ် ဝေဒနာရှင်များအား အာဟာရဒါနများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းခြင်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စက္ခုဒါနဆေးရုံရှိ မျက်လုံးရောဂါပြသလူနာများနှင့် မျက်လုံးခွဲစိတ်လူနာများအား အာဟာရမုန့်များနှင့် အားဖြည့် အချိုရည်များ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ အာဟာရဖွံ့ဖြိုးရေး ထောက်ပံ့လှူဒါန်းခြင်း၊ ရပ်ကွက်၊ ကျေးရွာများအရောက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း