ခန္တီး ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ပြည်သူ့ကျန်းမာရေးဆေးရုံတွင် ယမန်နေ့ကစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Comirnaty JN.1(Grey Cap)ကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ(၁၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများကို ထိုးနှံပေးသွားမည်ဖြစ်ပြီး (၂၂)ရက်နေ့တွင် မြသိန်းတန်ဘုရား၌ အသက်ကြီးဘိုးဘွားများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)