ဟင်္သာတတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ စစ်တုရင်(အမျိုးသား/အမျိုးသမီး)ဖွင့်ပွဲ အခမ်းအနားနှင့်ပြိုင်ပွဲများကျင်းပ

ဟင်္သာတ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ ဟင်္သာတတက္ကသိုလ်တွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် အားကစားနှင့်ကာယပညာဆပ်ကော်မတီ နာယကခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်း၊ အားကစားနှင့်ကာယပညာဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မိုးမင်းစိုး၊ သင်ကြားရေးဌာနအသီးသီးမှ ပါမောက္ခဌာနမှူး များ၊ နည်းပြဆရာ/ဆရာမများနှင့် ဘာသာရပ်အသီးသီးမှ ကိုယ်စားပြုပြိုင်ပွဲဝင် ကျား(၂၄)ဦး၊ မ(၈)ဦးနှင့် ပရိသတ်အင်အား (၆ဝ)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင်ကစားသမားများက ကွင်းအတွင်းနေရာယူပြီးနောက် ဟင်္သာတတက္ကသိုလ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မိုးမင်းစိုးက အမှာစကားပြောကြားခြင်း၊ ပြိုင်ပွဲဝင်ကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်းနှင့် အားကစားသမားများကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါဘာသာရပ်အလိုက် စစ်တုရင်ပြိုင်ပွဲအား ဇွန်လ ၁၉ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)