ကျိုက်မရော ဇွန် ၂၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဇွန် ၁၇ ရက်နံနက်က ရေတွင်းကုန်းကျေးရွာ အ.မ.က မဟာမြိုင်ကျောင်း၌ ပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ် မြတ်ထွေးက ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပြီး ကလေးအလုပ်သမားပပျောက်ရေး၊ အသိပညာပေးနှင့် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးဆိုင်ရာများကို ပညာပေးဟောပြောပြီး နံရံကပ်စာစောင်များကို ခင်းချင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာမှတ်သားကြည့်ရူခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)