သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အသိပညာပေး ဟောပြော

သာပေါင်း ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇွန်လ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ရှိ သော်ကဆောင်ခန်းမ၌ သဘာဝဘေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

သဘာဝဘေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိဦးအောင်မျိုးကိုမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေး ဟောပြောရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး‌ ဒေါ်ခိုင်ခိုင်ဝင်းက လေဘေး၊ရေဘေး၊ငလျင်ဘေး၊ ဆူနာမီဘေးများ ကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရန်၊ ရှောင်ရန်၊ ကြိုတင်သတိပေးချက်များအား ဂရုစိုက်အလေးထားလိုက်နာဆောင်ရွက်ကြရန်တို့ကို ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအား သရုပ်ပြပိုစတာဖြင့် အကျယ်တဝင့် အသိပညာပေးဟောပြောကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး

သာပေါင်း (ပြန်/ဆက်)