စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ချောင်းဆုံမြို့နယ် ရွာလွတ်အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံကာ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်

ချောင်းဆုံ ဇွန် ၂၀

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူအား ဇွန်လ (၁၇) ရက်နေ့ မွန်းလွဲ (၁) နာရီက စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် တာဝန်ရှိသူများမှ လာရောက်တွေ့ဆုံ အားပေးကာ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက စာသင်ခန်းများ၌ ပညာသင်ကြားနေမှုအား ကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများ စိုက်ပျိုးထားသည့် စိုက်ခင်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး စက်မှုစိုက်ပျိုးမွေးမြူရေး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ ဒေသတွင်း စာရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များသည့် အရေးပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာများကို သင်ယူတတ်မြောက်ခြင်းဖြင့် ရရှိနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ၊ တက်ရောက်သင်ကြားမည့်သူများအား နိုင်ငံတော်မှထောက်ပံ့ပေးသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူ (၄၂) ဦးတို့အား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားမှုသင်ယူမှုလုပ်ငန်းများ အဆင်ပြေစေရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါရွာလွတ်ကျေးရွာ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ဖွစ်လှစ်ခဲ့ပြီး အခြေခံပညာအလယ်တန်းအဆင့် (Grade-9) အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများအား လက်ခံသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကိုကျော်