ငါန်းဇွန် ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ၂၀၂၅.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ဖြေဆိုကြရာ အ.ထ.က(ငါန်းဇွန်)စာစစ်ဌာန၌ ရူပဗေဒတွင် ကျောင်းသား/သူ စာရင်းရှိ ၂၇၆ ဦး၊ ဖြေဆိုသူ ၂၆၈ ဦး၊ ပျက်ကွက် ၈ ဦးဖြစ်ပြီး ဖြေဆိုသူရာခိုင်နှုန်း (၉၇.၁၀%)ရှိပြီး သမိုင်းဘာသာရပ်တွင် ကျောင်းသား/သူစာရင်းရှိ ၉.ဦး၊ ဖြေဆိုသူ ၉.ဦး၊ ပျက်ကွက် မရှိ၊ ဖြေဆိုသူရာခိုင်နှုန်း (၁၀၀%)ရှိကြောင်း သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)