ဟင်္သာတ ဇွန် ၂၀
မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် စာပေဖတ်ရှုသူရာတွင် ဗဟုသုတများ တိုးပွားလာစေရန်နှင့် မြို့၊ ရွာများရှိ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဒူယားမြို့ သုတရွှေကြယ်စင် စာကြည့်တိုက်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ကသွားရောက်၍ စာအုပ်များ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါလှူဒါန်းပွဲသို့ ဒူးယားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးနေအောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာတို့မှ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များ၊ စာကြည့်တိုက်မှူးတို့နှင့်တွေ့ဆုံ၍ စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည်များအား ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်များအား စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)