ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲ ဝိတ်တန်းအလိုက် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေး

ပဲခူး ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းက အစိုးအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့ အားကစားဥယျာဉ်မိုးလုံလေလုံခန်းမ၌ ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးဝိတ်တန်းအလိုက် ရှုံးထွက်အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် ရှုံးထွက်အတိုက် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြများ၊ ဒိုင်များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ လိုအပ်ချက်မရှိစေရေးနှင့် ရပ်ကွက်/ကျေးရွာများမှ အားကစားဝါသနာရှင်များ လာရောက်အားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြုအားကစားသမားများမှ ယနေ့တွင် ရှုံးထွက်အတိုက် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(-၆၀)ကီလို၊ (-၆၆)ကီလို၊(-၇၃)ကီလို၊ (+၇၃)ကီလိုနှင့် အမျိုးသမီး(-၅၂) ကီလို၊ (-၆၃)ကီလို၊ (+၆၃)ကီလို၊ (-၅၇)ကီလိုစသည့် ဝိတ်တန်းများအလိုက် ယှဉ်ပြိုင်ကစားလျက်ရှိကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)