ကျွန်းလှ ဇွန် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်ကို ယနေ့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာစစ်ဌာနတစ်ခုဖွင့်လှစ်ပြီး ဇွန်လ ၁၆ ရက်နေ့က စတင်ဖြေဆိုခဲ့ကြောင်း စာမေးပွဲဖြေဆိုခွင့်ရှိသူ ၂၄၈ ဦးအနက် ယနေ့ ဓာတုဗေဒဘာသာနှင့် ပထဝီဝင်ဘာသာဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၂၄၄ ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)