စစ်ကိုင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ (၉၆)ရာခိုင်နှုန်းကျော်ဖြေဆို

စစ်ကိုင်း ဇွန် ၁၉

မန္တလေးငလျင်ကြီးကြောင့် စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ဖြေဆိုလျက်ရှိရာ ဇွန်လ  ယနေ့နံနက်ပိုင်းတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ (၉၆)ရာခိုင်နှုန်းကျော် ဖြေဆိုကြောင်း စစ်ကိုင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စစ်ကိုင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဓာတုဗေဒဘာသာရပ်အား စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၄၃၄)ဦးအနက် ဖြေဆိုသူ (၁၃၉၀)ဦး ရှိသဖြင့် (၉၆ ဒသမ ၉၃) ရာခိုင်နှုန်း နှင့် ပထဝီဝင်ဘာသာရပ်အား စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၁)ဦးအနက် ဖြေဆိုသူ (၅၉)ဦး ရှိသဖြင့် (၉၆ ဒသမ ၇၂) ရာခိုင်နှုန်း ဖြေဆိုခဲ့ကြသည်။

စစ်ကိုင်းမြို့နယ်မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများများအား အဆင်ပြေစွာ ဖြေဆိုနိုင်ရန်အတွက် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်တွင် လေ့ကျင့်သင်ကြားရေးစခန်း (Camp) ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပြီး စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)