မြန်အောင် ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အင်ပင်မြို့ အမှတ်(၁)ရပ်ကွက် ကွင်းအမှတ် (၄၂၉)၊ ဦးပိုင်အမှတ်(၄၂/၅) တောင်သူ ဦးနေဇာလင်း၏လယ်မြေ(၅)ဧကတွင် ယနေ့ညနေက ဆင်းသုခစပါးမျိုး ပျိုးသက်(၂၅) ရက်သားအား ပေါင်ပျိုးစနစ်ဖြင့် ပျိုးထောင်ပြီး အတန်းလိုက်စိုက်စနစ်ဖြင့် စိုက်ပျိုးနေမှုအား မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက် ကြဲခင်းစနစ်ပပျောက်ရေး၊ သီးနှံစိုက်စွမ်းအားမြှင့်တင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ ပေါင်ပျိုးစနစ်ဖြင့်ပျိုးထောင်ပြီး အတန်းလိုက်စိုက်စနစ်ဖြင့် စိုက်ပျိုးနေမှုအား မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ခရိုင်/မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဇော်လင်းတို့က ကြည့်ရှုအားပေးခဲ့ကြပြီး ကောက်စိုက်သမများအား မုန့်နှင့်အချိုရည်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ်