စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မုံရွာ ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အဆိုးရွားဆုံးမဖြစ်စေရေးနှင့်ထိခိုက်ဆုံးရုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ဆက်တိုက် လေ့ကျင့်မှုများအား ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဟောပြောပွဲများအား စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းတို့အား ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် တာဝန်ကျေပွန်အောင် အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။   

ယင်းနောက်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ လည်းကောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ လည်း ကောင်း၊ လုံခြုံရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှလည်းကောင်း၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှလည်းကောင်း၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်းကောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ လည်းကောင်း၊ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး တိုင်းဒေသကြီး ဗဟိုစာရင်းအင်းဦးစီးဌာနမှလည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်ရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်းကောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာမှလည်းကောင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက မိမိတို့ကော်မတီများအလိုက် ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မိမိတို့ခရိုင်အလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မုံရွာမြို့၊ အိုးဘိုတောင် ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း-ခွဲ၌ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က သဘာဝဘေးဖြစ်‌ပွားလာပါက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများအနေဖြင့် မည်သို့ တုန့်ပြန်ရမည်ကို သိရှိနိုင်စေရန်နှင့် ကျောင်းတွင်းအရေးပေါ် စီမံချက်အဆင့်များ ကောင်းမွန်စွာ ရေးဆွဲထားခြင်း ရှိ/မရှိ ဆန်းစစ်နိုင်စေရန်အတွက် ယနေ့ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။  

ယင်းနောက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်ပွားလာပါက လိုက်နာရမည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းများအား ငလျင်လှုပ်ခတ်လာပါက ဘေးလွတ်ရာသို့ သွားရောက်နေထိုင်ရမည့် သရုပ်ပြလေ့ကျင့်နေမှုများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဇာတ်တိုက်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)