မုံရွာ ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် လက်အောက်ခံမြို့နယ်ရုံးများရှိဝန်ထမ်းများ ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရန်တို့ရည်ရွယ်ပြီး ရုံးစာရေးသားနည်းသင်တန်းကို ဇွန်လ ၁၇ ရက်နေ့မှ စတင်ပြီး ဇွန် ၁၈ ရက်နေ့အထိ အဆိုပါရုံးတွင် (၂) ရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် ဦးစီးအရာရှိ ဒေါ်ယုယုဝင်းတို့က လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စုများမှ ရုံးစာရေးသားနည်းနှင့် စီမံခန့်ခွဲမှုဘာသာရပ်အား အကျယ်တဝင့် ရှင်းလင်းသင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းသို့ မုံရွာခရိုင်နှင့် လက်အောက်ခံမြို့နယ်ရုံးများမှ အရာထမ်း(၃)ဦး၊ အမှုထမ်း (၇) ဦး စုစုပေါင်းဝန်ထမ်း ၁၀ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)