ဟင်္သာတ ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီမှ ယမန်နေ့နံနက်ပိုင်းက ကနောင်စုရပ်ကွက် တိုက်ကျောင်းစျေး၌ အခြေခံစားသောက် ကုန်များဖြစ်သော ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ အခြေခံစားသောက်ကုန် ဆင်းသုခဆန် တစ်ပြည် ၂၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၃၃၀ ကျပ်၊ ဆီ ငါးဆယ်ကျပ်သား ၃၅၀၀ ကျပ်နှုန်းတို့ဖြင့် ဆင်းသုခဆန် (၁၀)အိတ်၊ ဆီ ၁၁၀ ပိဿာ၊ ကြက်ဥ အလုံး(၁၀၀၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများတို့က လိုက်လံကြည့်ရှု၍ စားသုံးသူများ စျေးနှုန်းသက်သာစွာနှင့်အဆင်ပြေဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)