ဒေးဒရဲမြို့နယ်အတွင်းရှိ  ကျန်းမာရေးဆေးခန်းများအား သတ်မှတ်ချက်များ လိုက်နာမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ လိုင်စင်သက်တမ်းတိုးလျှောက်ထား‌သော ဆေးခန်းများအား ယမန်နေ့မွန်းလွဲ (၁) နာရီက သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်း ဦးဆောင်မှုဖြင့် မြို့နယ်အစားအ‌သောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ‌ရေးကော်မတီနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဝင်များက မြို့နယ်အတွင်းရှိ လိုင်စင်သက်တမ်းတိုး‌လျှောက်ထားသော အထွေထွေကျန်းမာရေးဆေးခန်း (၃) ခုနှင့် သွားကျန်းမာရေးဆေးခန်း (၁) ခုအား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု၊ ရှိ၊ မရှိ၊ ဆေးကုသမှုမှတ်တမ်းများနှင့်ဆေးဝါးများ စနစ်တကျသိုလှောင်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အေဇာလင်း