ဖျာပုံမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဖျာပုံ ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင် တန်ဖိုးများကို အများပြည်သူများ အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၈) နာရီအချိန်က ဖျာပုံမြို့နယ် မှော်ဘီကျေးရွာ အ.လ.က(ခွဲ)မှော်ဘီ ကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု က၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်သစ်တောဦးစီးအရာရှိ ​ဦးကျော်ဇံရွှေက ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုထံ ပျိုးပင်များ ပေးအပ်သည်။

ထို့နောက် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုက အ.လ.က(ခွဲ)မှော်ဘီ ကျောင်းမှဆရာမများနှင့် မှော်ဘီကျေးရွာ ပြည်သူများသို့ ပျိုးပင်များ ပေးအပ်ပြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖျာပုံမြို့နယ် သစ်တောဦးစီးအရာရှိ ဦးကျော်ဇံရွှေနှင့်ဝန်ထမ်းများ၊ မှော်ဘီကျေးရွာ အ.လ.က(ခွဲ)ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ပျဥ်းကတိုး(၁၅၀)၊ မာလာလူးကား(၁၀၀)၊ ခရေ(၆၀)၊ မန်ဂျန်ရှား (၅၀၀)၊ စိန်ပန်းကြီး(၆၀)၊ ထိုင်ဝမ်ဗန်ဒါ(၆၀)၊ ငုရွှေဝါ (၁၀၅)ပင် စုစုပေါင်း ပျိုးပင်(၁၀၃၅)ပင်ကျော်အား တပျော် တပါး စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်