ရေကြည် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ကွင်းသုံးဆင့်ကျေးရွာ၊ တောင်သူဦးကျော်ဝင်း ကွင်းအမှတ် (၄၇၉) ၊ ဦးပိုင်အမှတ် (၅၇/၆) ပိုက်ဆံလျော် သစ်စိမ်းမြေသြဇာ (၅.၀၀) ဧကတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းမြေမြှုပ်ပွဲကို ယမန်နေ့နံနက်(၉) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျုံပျော်ခရိုင် မြေစာရင်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးမင်းနှောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးနေလင်းနိုင်က တောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း၏ ရေရှည် အကျိုးဖြစ်ထွန်းမှု၊ အကျိုးကျေးဇူးများ၊ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များအား ရှင်းလင်ပြောကြားခဲ့ပြီးမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းက သစ်စိမ်းမြေဩဇာ ထည့်သွင်းဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ပွဲသို့ ကျုံပျော်ခရိုင်မြေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနှောင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)ဦးနေလင်းနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ကွင်းသုံးဆင့်ကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။
သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် လေမှနိုက်ထရိုဂျင်ဓာတ်ကိုစုပ်ယူပြီး အပင်ကြီးထွားဖြစ်ထွန်းမှုအတွက် အသုံးပြုနိုင်မည်ဖြစ်ကာ မြေဆီလွှာအား အဓိကအားဖြင့် နိုက်ထရိုဂျင်ဓာတ်ကို ဖြည့်တင်းပေးခြင်းဖြစ်သဖြင့် ဓာတ်မြေသြဇာကုန်ကျစရိတ် သက်သာပြီး၊ တောင်သူများ၏ အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)