ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ ဟင်္သာတမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ သူနာပြုသင်တန်းကျောင်း ဦးဆောင်းအပ်နှင်းပွဲတက်ရောက်

ဟင်္သာတ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နေ့လယ်ပိုင်းက တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစန်းဌေး၊ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီဟနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ရွှေမြင်တင်လမ်းရှိ သူနာပြုသင်တန်းကျောင်း(ဟင်္သာတ)သို့ ရောက်ရှိခဲ့ပြီး အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်သော သူနာပြုသားဖွားဒီပလိုမာ ()နှစ်သင်တန်းအမှတ်စဉ် (၂၄/၂၀၂၅)၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားအား တက်ရောက်ခဲ့ရာ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သင်တန်းသား/သူ များအား ဂျူတီကုတ်နှင့် ဦးဆောင်အပ်နှင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေလွင် ဦးဆောင်၍ ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများမှ ဆီမီးထွန်းညှိခြင်းနှင့် သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုအဓိဋ္ဌာန်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သင်တန်း၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသော သင်တန်းသား/သူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့သည်။ ထို့နောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခြင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစန်းဌေး၊ ဧရာဝတီတိုင်း ဒေသကြီး ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီဟ၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ဟင်္သာတဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေလွင်နှင့် သင်ကြားရေး ဆရာ/ဆရာမများနှင့် သင်တန်း သား/သူများ စုစုပေါင်း အင်အား (၃၀၀) ဦးခန့် တက်ရောက်ခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သူနာပြုသင်တန်းကျောင်း(ဟင်္သာတ)မှ ဆက်လက်ထွက်ခွာခဲ့ရာ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖောင်ဆိပ်ကျေးရွာ၌ ဆောင်ရွက်ထားရှိသည့် ရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်း Geo textile ကမ်းထိန်းတမံ၏ ကြံ့ခိုင်မှုနှင့် ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စု၊ မဲဇလီညွှန့်ကျေးရွာအနီးရှိ ဖြတ်တာ(-)နှင့် ဟင်္သာတကမ်းနားတာအနီးတွင် ခွင့်ပြုရန်ပုံငွေ (၄၃၆.၀၀) ကျပ်သန်းဖြင့် မဲဇလီညွှန့်ဖြတ်တာ အလျား(,၀၅၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှု့စစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဖြတ်တာအနီးရှိအခြေခံပညာမူလတန်းကျောင်း (ဖောင်ဆိပ်)သို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဉ္ဇာနွယ်နှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်တွေ့ဆုံ၍ ပညာသင်ကြားနေမှု အခြေအနေများနှင့်ပတ်သက်၍ ကြည့်ရှု့အားပေးခဲ့ပြီး ကျောင်းသား/သူများအား စာရေးကိရိယာများ၊ အစားအသောက်များ၊ အလှူငွေများထောက်ပံ့ပေးအပ်၍ လိုအပ်သည်များကို ပညာရေးဌာနတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)