ကဝ ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ဒေသအတွင်းငါးသယံဇာတတိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်းငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပဲခူးမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇွန် ၁၅ ရက်နေ့ နံနက် (၉) နာရီက ကဝ-ပဲခူးမြစ်ကူးတံတားတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲ့ဝင်များ၊ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှအောင်သိန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၈၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ပဲခူးမြစ်ရေပြင်အတွင်းသို့ ပဲခူးငါးသားဖောက်စခန်းနှင့်၊ သနပ်ပင်ငါးသားဖောက်စခန်းတို့မှ မွေးမြူထားသော ရွှေဝါငါးကြင်းသားပေါက်ကောင်ရေ (၁၅၀၀၀၀)၊ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၀၀၀၀၀)နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ (၁၅၀၀၀၀)၊ စုစုပေါင်းကောင်ရေ (၄၀၀၀၀၀)အား ပဲခူးမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)