ပန်းတောင်း ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြိုနယ်တွင် ယနေ့ခေတ်လူငယ်လူရွယ်များ အတုယူလမ်းမှားမရောက်ကြစေရန်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အ.ထ.က (ပန်းတောင်း) မှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကိုပြောကြားကာ ပန်းတောင်းမြို့မစခန်းမှူး ဒုတိယရဲမှူးမျိုးမင်းမှ မူးယစ်ဆေးဝါးအမျိုးမျိုးအကြောင်း၊ သုံးစွဲမိပါကရရှိလာမည့် ဆိုးကျိုးများအကြောင်း၊ သုံးစွဲသူများမည်သို့ အရေးယူခံရမည်ဖြစ်ကြောင်းကို အကျယ်တဝင့်ရှင်းလင်းအသိပညာပေးပြောခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ဉာဏ်စမ်းပဟေဋိများ၊ စာစီစာကုံးပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)