ဇီးကုန်း ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Pfizer XBB1.5 Gray Cap COVID-19) ထိုးနှံပေးခြင်းကို သက်ဆိုင်ရာရပ်ကွက်များအလိုက် စုရပ်အသီးသီး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယခုထိုးနှံမည့် ကိုဗစ် ၁၉ ကာကွယ်ဆေးမှာ COMRNATY JN1 30 micrograms/ dose {grey cap) အမျိုးအစားဖြစ်ပြီး အသက် (၁၂) နှစ်နှင့်အထက် ပြည်သူလူထုကို ထိုးနှံနိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁) ကြိမ်မျှ မထိုးနှံရသေးသော အသက် (၁၈) နှစ်အထက်ရှိသူများအား ထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆) လပြည့်ပြီးသော ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ထိုးနှံခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါထိုးနှံရာတွင် မြိုနယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ပူးပေါင်းပံ့ပိုးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)