မိုးညိုမြို့နယ်၌ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းသွင်းအားစုပေးအပ်

မိုးညို ဇွန် ၁၆

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းသွင်းအားစု ပေးအပ်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ သမဝါယမဦးစီးဌာနရုံး၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးတင်မြင့်က သွင်းအားစုများ‌ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်က မိုးညိုမြို့နယ်ကျေးရွာအုပ်စုများအတွင်း ဖွဲ့စည်းဆောင်ရွက်ထားသော အသင်း(၉)သင်း၊ အသင်းသား(၂၂၅)ဦးအတွက် သွင်းအားစုများကိုပေးအပ်ခဲ့ရာ လဖျော်ပင်ကျေးရွာ၊ ချမ်းရိပ်မြိုင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းဥက္ကဋ္ဌ ဦးကိုထွေးက အသင်းအဖွဲ့များကိုယ်စား လက်ခံရယူခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)