ရွှေတောင်မြို့နယ်တွင် နွေစပါး (အောင်နိုင်တိုးစပါးမျိုး) လယ်မြေ(၁)ဧကတွင် စံကွက်ရိတ်သိမ်းပွဲအခမ်အနား ကျင်းပ

ရွှေတောင် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၂၀C)၊ ကွင်းအတွင်းရှိ တောင်သူ ဦးစောလွင်၏ နွေစပါးစိုက်လယ်မြေတွင် နွေစပါး(အောင်နိုင်တိုးစပါးမျိုး) လယ်မြေ(၁)ဧကကွက်အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါနွေစပါး(အောင်နိုင်တိုးစပါးမျိုး) လယ်မြေ(၁)ဧကတွင် စပါးခြွေလှေ့စက်ဖြင့် စံကွက်ကြီးရိတ်သိမ်း၍ စံနှုန်းတိုင်းတာခြင်း၊ အထွက်နှုန်းချိန်တွယ်တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ရာတွင် အထွက်နှုန်း အစိုတင်း (၁၂၁.၁၂) တင်း ထွက်ရှိကြောင်း သိရသည်။

နွေစပါးစံကွက်ရိတ်သိမ်းရာသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ)ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ (အနောက်ပိုင်း) ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာန ဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ)ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာန ဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်းအင်အား(၁၈၉) ဦးတို့က ကြည့်ရှုအားပေးခဲ့ကြသည်။

မြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ တစ်ဧကအထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်းနှင့် စိုက်မျိုးရေးနည်းပညာများ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)