ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကွမ်းခြံကုန်း ‌ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများ ပူးပေါင်း ၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၃ ရက်နေ့က ဒေးဒနောကျေးရွာ မူလတန်းလွန်ကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး

ဒေါ်အေးမြတ်စိုးက ကျန်းမာရေးဆိုင်ရာ အသိပညာပေးအ‌ကြောင်းအရာများ ဟောပြောခဲ့ကြပြီး ဒေး‌ဒနောကျေးရွာမူလတန်းလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်သဇင်ချိုဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ  အခမ်းအနားသို့ ကျောင်းသား/သူ(၁၅၀)ဦး တက်ရောက်ကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော   သုတ/ရသစာအုပ် စာစောင်များနှင့်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်အသိပညာ‌ပေး နံရံကပ်စာစောင်များနှင့် သဘာဝ‌ဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ  ကြည့်ရှုလေ့လာကြကြောင်းသိရသည်။

ဆွေနွယ်