ကော့မှူး ဇွန် ၁၆
ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာလူငယ်သင်တန်းကျောင်း၌ ဇွန်လ ၁၄ ရက်နေ့နံနက်ကကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းက မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးလူမင်းထံသစ်ပင်များပေးအပ်ခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးလူမင်းက ငှက်အော်စမ်းကျေးရွာ လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်ထံ သစ်ပင်များပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးအေးကျော်၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးလူမင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှကျောင်းသားများစုစုပေါင်း(၄၀၀)ဦးတို့က မန်းဂျန်ရှား (၆၀၀)ပင်တို့အား သတ်မှတ်နေရာများတွင် တစ်ပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ