မိုးညို ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်က ရေကင်းကျေးရွာအုပ်စုအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးချစ်ကိုကို၏ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးမှူးဦးဂမ်မော်ဦးဆောင်သောဝန်ထမ်းများက ရေကင်းကျေးရွာအုပ်စုအတွင်းရှိမြေပြင်စာရင်းများမှ ကိုင်ဆောင်လက်မှတ်မရှိသူများအား ပြန်လည်စိစစ်ခြင်း၊ ကျေးရွာနေပြည်သူများအားပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လိုအပ်သည့်အချက်အလက်များအား စိစစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားလုံဝမပြုလုပ်ရသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင် ရွက်ပေးခြင်း၊ UID ဆောင်ရွက်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)