ညောင်လေးပင် ဇွန် ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ မပြုလုပ်ရသေးသောမိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခေါ်ယူ၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့၊ မြို့မ (၁) ရပ်ကွက်တွင် လ.ဝ.ကမှူး ဒေါ်ခင်လေးမူဦးဆောင်ကာ ကွင်းဆင်းအဖွဲ့ (၄) ဖွဲ့ဖြင့် ပြွန်တန်ဆာမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း မိဘပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး နောက်ရက်များတွင်လည်း ကျန်ရှိနေသေးသော ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)