ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) မြန်မာစာဘာသာ စတင်ဖြေဆို

ကျွန်းလှ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) မြန်မာစာဘာသာကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) စာစစ်ဌာန၌ စတင်ဖြေဆိုကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကြီးကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၂၄၈) ဦးရှိပြီး ယနေ့မြန်မာဘာသာ ကျောင်းသား (၉၄) ဦး၊ ကျောင်းသူ (၁၅၀) ဦး စုစုပေါင်း (၂၄၄) ဦး‌ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)