သာယာဝတီ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့်နှစ်ပတ်လည်အကြို စုပေါင်းသွေးလှူဒါန်း

သာယာဝတီ ဇွန် ၁၆

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင်ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့အကြို စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကြီး ကုတင်(၁၀၀)၌ကျင်းပခဲ့သည်။

ဦးစွာ သာယာဝတီခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစုလှိုင်ထွေးက အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်ထွဋ်က သွေးလှူဒါန်းရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့အကြို စုပေါင်းသွေးလှူဒါန်းကြမည့်သူများအား ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါ်စုလှိုင်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးခြင်း၊ သွေးလှူဒါန်းရန်ကိုက်ညီသူများအား ကျန်းမာရေးဝန်ထမ်းများက သွေးဖောက်ထုတ်မှုပြုလုပ်ပေးခဲ့ပြီး သွေးလှူရှင်များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သာယာဝတီခရိုင်ဦးဝင်းမြတ်ထွဋ်က အာဟာရဖြည့်စွက် အစားအစာများထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးအလှူဒါနသုံးသိန်းကျပ်အား ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးထံပေးအပ်ခဲ့သည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာယာဝတီခရိုင်ဦးစီးမှူးဦးဝင်းမြတ်ထွဋ်နှင့်ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက် မြို့နယ်များမှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်းသွေးလှူရှင် ၂၀ ဦး လှူဒါန်းခဲ့ကြကြောင်းသိရသည်။

သန့်ဇော် (ပြန်/ဆက်)