မြောင်းမြမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် အထိမ်းအမှတ် စုပေါင်းဆွမ်း ဆက်ကပ်လှူဒါန်း

 မြောင်းမြ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀) ပြည့် အထိမ်းအမှတ်အဖြစ် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းငြိမ်းနှင့် ဝန်ထမ်းများ စုပေါင်း၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အလယ်တောရကျောင်း၊ ပုပ္ဖါရုံကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ခဲ့ကြပြီး အလယ်တောရကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္ဒပညာသီဟထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များနှင့် သြဝါဒတရားတော်များ နာယူခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီးနောက် ဆရာတော်သံဃာတော်များအား ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြောင်းမြ(ခရိုင်/ပြန်ဆက်)