ပေါင်မြို့နယ်၌ ရွေးကောက်ပွဲ၌အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)များကို ကြီးကြပ်ဆောင်ရွက်ရန် လုပ်ငန်းဖွဲ့စည်း‌အစည်းအဝေး ပြုလုပ်

ပေါင် ဇွန် ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရွေးကောက်ပွဲ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များကို ကြီးကြပ်ဆောင်ရွက်ရန် လုပ်ငန်းဖွဲ့စည်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ရွေးကောက်ပွဲ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များကို ကြီးကြပ်ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသော မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ အီလက်ထရောနစ်မဲပေးစက် လက်တွေ့အသုံးပြုနိုင်ရန် ဆင့်ပွားသင်တန်းဖွင့်လှစ်နိုင်ရေး၊ သင်တန်းသားရရှိရေးနှင့် အီလက်ထရောနစ်မဲပေးစက် (MEVM) လုံခြုံရေးရှိရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ အီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူတို့က ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)