ချောင်းသာ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ကျောင်းများ၊ စျေးများ ဥပဓိရုပ် ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့ နံနက် ၇ နာရီအချိန်က မြို့အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စျေးကော်မတီများ၊ ဆရာ/ဆရာမများ၊ ကျောင်းကော်မတီများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ကြပြီး အမှိုက်များစနစ်တကျ ခွဲခြား စွန့်ပစ်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက အသိပညာပေးဟောပြာ၍ လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် အမှိုက်များခွဲခြား စွန့်ပစ်တတ်စေရန်အတွက် စျေးများ၊ ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ လူစည်ကားရာနေရာများတွင် အမှိုက်ပုံးများထားရှိ၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်တတ်စေရန်၊ ဘေးအန္တရာယ်ရှိအမှိုက်၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက် စသည်တို့အား ခွဲခြားစွန့်ပစ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာမှ ထွက်ရှိလာသည့် အမှိုက်များကို လက်တွေ့စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)