မြောင်းမြ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှိုက်များခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းတို့ကို မြောင်းမြမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင် ဒုတိယအုပ်ချုပ်ရေးမှုး ဦးရဲထွန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီး ဦးသောင်းထိုက်နှင့် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုကို တို့က အမှာစကားအသီအသီး ပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြောင်းမြမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးညွှန့်ဝင်းက အမှိုက်များအား ခွဲခြားစွန့်ပစ်ရန်လိုအပ်ကြောင်းနှင့် အမှိုက်အမျိုးအစား (၄) မျိုးဖြစ်သည့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိသော အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အမှိုက်များအား အမျိူးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို ဆက်လက်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်/ခရိုင်မှ ဌာနဆိုင်ရာများမှ သရုပ်ပြစွန့်ပစ်ခြင်းအား လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး အ.ထ.က.(၁) အခြေခံပညာအထက်ကျောင်းတွင်လည်းကောင်း၊ မြောင်းမြမြို့ မြို့မစျေးတွင်လည်းကောင်း ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ဖြိုး (မြောင်းမြ ပြန်/ဆက်)