ပဲခူး ဇွန် ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးဝန်းအတွင်း၌ ဝန်ထမ်းများစုပေါင်းကာ သစ်ပင်များစိုက်ပျိုးခဲ့ကြသည်။
သစ်ပင်များစိုက်ပျိုးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းအောင် ဦးဆောင်သည့် တိုင်း၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများက နှစ်ရှည်ပင်ဖြစ်သည့် ပိတောက်၊ အရိပ်ရလေကာပင်ဖြစ်သည့် မန်ဂျန်ရှားပင်များကို စိုက်ပျိုးပေးကြသည့်အပြင် တန်းစီကွင်း ပန်းအလှစိုက်သည့်နေရာတွင် ရွက်လှပင်၊ ဇီဇဝါပင်၊ ကံ့ကော်ပင်၊ ပုံနရိပ်ပန်းအလှထိုင်းအပုမျိုးပင်၊ နေလာအလှပန်းမြေလျှောက်ပန်းမျိုး စသည့် ပန်းအလှမျိုးစုံတို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)