အ.ထ.က(၁)ကျောင်း၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ပုံ သရုပ်ပြလေ့ကျင့်

ကျောင်းကုန်း  ဇွန်  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်ပုံ သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ခေတ္တအမှုဆောင်အရာရှိဒေါ်မြမြသင်းက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလပ်စတစ်နှင့် လျှပ်စစ်ပစ္စည်းများဆိုပြီး(၄)မျိုး ခွဲခြားထားကြောင်း ရှင်းလင်းပြောကြားကာ အမှိုက်ခွဲခြားစွန့်ပစ်ပုံကို သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။

အဆိုပါ အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်ပုံ သရုပ်ပြလေ့ကျင့်နေရာသို့ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစောထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကိုကိုဦး၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်၊ ကျောင်းအုပ်ဆရာကြီးဦးဆန်းထွန်းနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်နေပြည်သူများ လေ့လာခဲ့ကြကြောင်းသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)